ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အလှူရှင်များက မဲနယ်တောင်ဒေသနှင့် ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အလှူရှင်များက မဲနယ်တောင်ဒေသနှင့် ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း





ဟိုပုံး ,အောက်တိုဘာ ၁၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အလှူရှင်များက မဲနယ်တောင်ဒေသနှင့်  ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အလှူရှင်များဖြစ်ကြသည့် ရွှေနေကြာမိသားစုမှ စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဆရာတော်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် မဲနယ်တောင်ဒေသ စငေါကျေးရွာအုပ်စု၊ ယုတ်ပေးကျေးရွာ၊ လဲလောင်းကျေးရွာ၊ ပန်လျန်းကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ လိုက်ကန်ကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စု(၂၀၀)စုနှင့် ပုံးအင်းဒေသ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာ၊ ဆီဆုံကျေးရွာ၊ တိဟေးကျေးရွာ၊ ဝမ်ခွမ်ကျေးရွာ၊ ကုန်းကျိုးကျေးရွာ၊ ဟိုတပ်ကျေးရွာ၊ ဝမ်ပိန်းကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စု (၂၀၀) စု စုစုပေါင်းရေဘေးသင့်အိမ်ထောင်စု (၄၀၀) စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်၊ ဆီ၊  စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


ဟိုပုံးမြို့နယ်၌ စက်တင်ဘာလ (၁၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာ (၃၀) တို့တွင် ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ (၂၆) ဦး၊ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် (၂၆၁) အိမ်ရှိပြီး လမ်း၊ တံတားများ၊ တိရစ္ဆာန်များနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်နီး/ရပ်ဝေးဒေသများမှ အလှူရှင်များကလည်း ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့်ထောက်ပံ့ငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


ပအိုဝ်းဒေသ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)