မရမ်းကုန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၇၅သိန်းဖိုးခန့် ပျက်စီးဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၇၅သိန်းဖိုးခန့် ပျက်စီးဆုံးရှုံး




မရမ်းကုန်း၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ယနေ့နံနက် ၅ နာရီ ၁၅ မိနစ် အချိန်ခန့်က အမှတ်(၈၃၄) နေ ဦးမောင်မောင်မြင့်၏နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့‌ပြီး စုစုပေါင်း ၇၅ သိန်း ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မရမ်းကုန်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်ဦးစီး‌သော တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မီးသတ်ယာဉ် (၂၅)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၀၆:၃၅)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုအား Level-2 အဆင့်သတ်မှတ်ထားကြောင်း၊ မီးစတင်လောင်ကျွမ်းမှုမှာ မီတာပုံးဝါယာရှော့ဖြစ်ပွားရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ် (၂)ထပ်တိုက်(၁)လုံး၊ စက္ကူစက်(၁)လုံး၊ စက္ကူပုံး၊ အဲယားကွန်း(၁)လုံး၊ ပါဝါမီတာ(၂)လုံး၊ အိမ်သုံးမီတာ အပါအဝင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ (၇၅)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)