ဟိုပုံးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဟိုပုံးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ

111

112

113

114

ဟိုပုံး၊ အောက်တိုဘာ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ကာ ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်း၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် မိသားစုဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၏ နေအိမ်နှင့် ရပ်ကွက်/ကျေးရွာ စာရင်းကောက်ကွက်များ၌ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။ 

ထို့သို့စာရင်းကောက်ယူလျက်ရှိရာတွင် ဟိုပုံးမြို့နယ်တွင် စာရင်းကောက်ကွက်ပေါင်း (၁၅၆) ကွက်ရှိပြီး စာရင်းကောက် အဖွဲ့ (၁၉) ဖွဲ့ဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Tablet ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews- CAPI) နည်းပညာဖြင့် မေးခွန်း (၆၈)ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း (၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများ အသုံးပြု၍ စာရင်းကောက်ယူလျက်ရှိသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူနေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူးရုံးမှ ဒေသဦးစီးမှူး ဦးနေမျိုးလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages