နောင်ချို၊ အောက်တိုဘာ ၂၆
နောင်ချိုမြို့နယ်၊ ဂန့်ဂေါရွာအနီးတွင် အောက်တိုဘာ ၂၆ ရက် (ယနေ့) နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် TNLA အကြမ်းဖက်အဖွဲ့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အရှေ့မြောက်ဘက်ကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် စိုးရိမ်ရ ၁ ဦးအပါအဝင် စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး TNLA အကြမ်းဖက်အဖွဲ့၏ ယာယီစခန်း ၃ ခုမှ TNLA အကြမ်းဖက် အလောင်း ၈ လောင်း (ပုပ်ပွ ၂ လောင်းအပါ)၊ Type-81 သေနတ် ၃ လက်၊ RPG ဗုံးသီး ၆ လုံး၊ ပိုကျည် ၁ တောင့်၊ ကျည် ၉၀၀ တောင့်ခန့်၊ အီနာဂါ ၂ လုံး၊ ကျည်အိမ် ၁၃ ခု၊ တရုတ်လက်ပစ်ဗုံး ၂ လုံး၊ နင်းမိုင်း ၁ လုံး၊ TNLA ယူနီဖောင်း ၅ စုံ၊ မန်းPDF ယူနီဖောင်း ၁ စုံ၊ ကျောပိုးအိတ် ၃ လုံး၊ ဦးထုပ် - ၂ လုံး၊ လက်ထိပ် ၁ ခု၊ သဲအိတ်ဘန်ကာ ၁၃ လုံး၊ ပစ်ကျင်း ၃၂ ကျင်း၊ ဆသရမြောင်း ၈၀၀ ပေခန့် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း တိုက်ပွဲစုံသတင်းများတွင် ဖော်ပြထားသည်။
TNLA အကြမ်းဖက်အဖွဲ့သည် နောင်ချိုနှင့် မိုးကုတ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြပြီး ကာလရှည်ကြာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိခြင်းကြောင့် နယ်မြေရှင်းလင်းရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများကို တပ်မတော်က ဆောင်ရွက်လျက်ရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment