မွန်ပြည်နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သီးတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သီးတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား







မော်လမြိုင်၊ အောက်တိုဘာ ၁၈

သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်နေ့ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် မိဘဘိုးဘွားများအား ကန်တော့ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ ဇီဝိတဒါနငါး/ငှက်လွှတ်ခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိသည့်အပြင် အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာများ၌လည်း အပန်းဖြေခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။

ယနေ့ သီးတင်းကျွတ်လပြည်ကျော်(၁)ရက်နေ့တွင်လည်း မွန်ပြည်နယ်အတွင်းရှိ ဆံတောင်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၊ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး အပါအဝင်  မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများဖြင့် ကုသိုလ်ယူခဲ့ကြသည်။  မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌လည်း သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့၍ ကျန်းမာရေးစောင့် ရှောက်ပေးခြင်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် စတုဒီသာကျွေးမွေးခြင်းများ၊ ဆီမီးပူဇော်ထွန်းညှိခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ဥယျာဉ်၊ ပန်းခြံများနှင့် အများပြည်သူအပန်း ဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများ တပ်ဆင်ထားရှိကာ ပြည်သူများလာရောက် အနားယူအပန်းဖြေလျက်ရှိကြကြောင်းနှင့် အလှမီးထွန်းညှိခြင်း၊ ရောင်စုံမီးပုံးများလွှတ်တင်ခြင်းတို့ကို ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)