ရွှေတောင်မြို့နယ်တွင် ဂန္ဓမာအဝါကြီးမျိုးပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဂန္ဓမာအဝါကြီးမျိုးပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိ





ရွှေတောင် ၊ အောက်တိုဘာ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်  ကသစ်တိုင်းကျေးရွာအုပ်စု၊တောင်လုံးညိုကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် ဂန္ဓမာအဝါကြီးမျိုး ပန်းစိုက်ပျိုး၍မိသားစုဝင်ငွေရရှိကြောင်းသိရသည်။

ဂန္ဓမာအဝါကြီးမျိုးပန်းစိုက်ပျိုးရာတွင်ယခင်နှစ်မှစိုက်ပြီး အညွှန့်ခူးပျိုးခြင်း၊ကိုင်းဖြတ်၍ကျန်သည့် အမြစ်ပါသောကိုင်းများကို ပြန်လည်ပျိုးထောင်၍ စိုက်ပျိုးထားကြောင်းသိရသည်။

အပင်ရေ ( ၅၀၀၀) စိုက်ပျိုးထားရှိပြီး မေလတွင်စတင်စိုက်ပျိုး၍ ( ၄)လအကြာ သီတင်းကျွတ်လကုန်ပိုင်းလောက်တွင်ခူး၍ရောင်းရကြောင်း၊စတင်စိုက်ပျိုးချိန်မှ မြေဘောင်တင်ခြင်း၊မြေသြဇာကျွေးခြင်း၊ပိုးသတ်ဆေးဖြန်းရာတွင် ပိုးကျမှုအပေါ်မူတည်၍ ( ၅)ရက်တစ်ခါ ( သို့)  ( ၇)ရက်တစ်ခါ ၊ပိုးသတ်ဆေးဖြန်းရပြီးစုစုပေါင်းကုန်ကျစရိတ်မှာ ( ၁၀) သိန်းခန့်ကုန်ကျကြောင်းသိရသည်။ 

ယခင်နှစ်က( ၁)စည်းလျှင်( ၅၀၀) ကျပ်ရရှိပြီး ယခုနှစ်တွင် ( ၆/၇)ပွင့်( ၁)စည်းလျှင်( ၉၀၀) ကျပ်ရရှိပြီးကိုင်းအသေး( ၁)စည်းလျှင်( ၂၅၀) ကျပ်ရရှိ၍ ယခင်နှစ် ပန်းစျေးကောင်းသော်လည်း မိုးများပြီး အရွက်များနား၍ စျေးနှုန်းကွာခြားမှုလေးတော့ရှိကြောင်း၊ထွက်ရှိလာသောပန်းများကို ကြို့ပင်ကောက်၊ပေါင်းတည်၊ဇီးကုန်း၊ပြည်၊ဥသျှစ်ပင်မှ ဖောက်သည်များက အခင်းသို့လာရောက်ဝယ်ယူကြောင်း စိုက်ခင်းပြီးသည်အထိ ငွေကျပ်သိန်း ( ၃၀) ခန့်ရရှိ၍အကျိုးအမြတ်ငွေကျပ်သိန်း ( ၂၀) ခန့်ရရှိကြောင်းဂန္ဓမာအဝါကြီးမျိုး စိုက်ပျိုးတောင်သူ ဦးအောင်ကိုမင်းထံမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)