ရွှေဈေး သိန်း(၁၀၀)အထက် ဖြစ်မည်ဟု ကောလဟာလသတင်းများဖြင့် ဈေးဆွဲတင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ထုတ်ပြန် သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဈေး သိန်း(၁၀၀)အထက် ဖြစ်မည်ဟု ကောလဟာလသတင်းများဖြင့် ဈေးဆွဲတင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ထုတ်ပြန် သတိပေး


ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း က ၂၄-၁၀-၂၀၂၄ ရက်နေ့ က အသိပေးပန်ကြားချက်အနေဖြင့် ထုတ်ပြန်ထားရာတွင် ဒေါ်လာဈေးကို ဆွဲတင်ပြီး ရွှေဈေးကို မြှင့်တင်လျက်ရှိကြောင်း၊ တချို့သော အွန်လိုင်းကွန်ရက်များမှလည်း ဒေါ်လာဈေးမတက်လျင် ရွှေဈေး သိန်း(၈၀)၊ ဒေါ်လာဈေး တက်လျင် ရွှေဈေး သိန်း(၁၀၀) ဖြစ်မည်ဆိုသော ကောလဟာလသတင်းများ ထုတ်လွှင့်ပြီး ရွှေဈေးအား ဆွဲတင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ ၂၅-၁၀-၂၀၂၄ ရက်နေ့ ညနေပိုင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ၏ တရားဝင် ထုတ်ပြန်ချက်တွင် ရွှေဈေး ၅၆၂၆၉၀၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အသိပေးပန်ကြားလွှာတွင် ကောလဟာလသတင်းများကို ယုံကြည်ပြီး အရောင်းအဝယ် မပြုလုပ်ကြပါရန်နှင့် ရွှေဈေးအား ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြပါရန် ပန်ကြားထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)