စလင်းရေလှောင်တမံရေပိုလွှဲမှ(၂.၃၀)ပေ ဆက်လက်ရေကျော်စီးဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းရေလှောင်တမံရေပိုလွှဲမှ(၂.၃၀)ပေ ဆက်လက်ရေကျော်စီးဆင်း



စလင်း၊ အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ စက်တင်ဘာလ၊ လဆန်းပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုမိုးသည်းထန်စွာရွာသွန်းခဲ့မှုများနှင့် ယမန်နေ့ ညဦးပိုင်း မိုးရွာသွန်းခဲ့မှုများကြောင့် တမံအတွင်းရေအနည်းငယ်တိုးလာကာ ယနေ့နံနက်(၆)နာရီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများမှ တမံအတွင်းရှိရေအမှတ်တိုင်းထွာချက်များအရ ရေပြည့်အမှတ်ထက်(၂.၃၀)ပေ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်ရေလှောင်တမံ၏ အမြင့်(၂၂၀.၀)ပေရှိပြီး ရေပြည့်အမှတ်သည်(၇၆၀.၀၀)ပေ၊ လက်ရှိတမံရေအမှတ်မှာ(၇၆၂.၃)ပေရှိသည့်အတွက် ရေပိုလွှဲမှ(၂.၃၀) ပေရေကျော်ကျလျက်ရှိပြီး တမံ၏ဆက်စပ်အဆောက်အဦများမှာကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် တမံအောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ နေ့ညမပြတ်ရေကင်းတာဝန်များချထား၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများဆောင်ရွက်ထားရှိကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


မောင်လွင် (စလင်း)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)