ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားပြုလုပ်









ပေါင်၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းနာယက ဦးမြင့်အောင် က အလုပ်ဆိုတာ ဘယ်အရာမဆို စေတနာထားပြီးအလုပ်  လုပ်ကိုင်လျှင် ထိရောက်အောင်မြင်နိုင်ပါကြောင်း သမဝါယမအသင်းတိုးတက်အောင် စာတွေ့ရော၊ လက်တွေ့ပါ ကြိုးစားပြီး စနစ်တကျဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး က  မိမိတို့၏ သမဝါယမ နည်းဥပဒေ အရအသင်းသားတွေကို ပွင့်လင်းမြင်သာစွာဖြင့် ချပြထားပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ဆောင်ရွက်ရာမှာ သမဝါယမကဏ္ဍအနေဖြင့် တောင်သူတွေလိုအပ်သည့်သွင်းအားစုများရရှိရေး၊ သီးနှံများနှင့်ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားရန်ပုံငွေ မှလည်းကောင်း၊ မိုးစပါးစီမံကိန်းအတွက် နိုင်ငံ့စီးပွားရန်ပုံငွေမှလည်းကောင်း ထောက်ပံ့ထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ  ဦး‌စိုးတင့် က မြို့နယ်အကျိုးတူ၊ ပေါင်မြို့နယ်အသင်းစု BOD အဖွဲ့သည် မွန်ပြည်နယ်မှာထက်မြက်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကြိုးစားမှုတွေကိုဆက်လက်ထိန်းသိမ်းပြီး လိုအပ်တာတွေကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆွေးနွေးတင်ပြသည်။

ထို့အပြင် အသင်းသားများ၏ သားသမီးများအား (၂၀၂၃-၂၀၂၄) ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးကြပြီး ဒုတိယပိုင်းအနေဖြင့် အသင်းဝင်များဆန္ဒအရ အမှုဆောင်အသစ်ရွေးချယ်၍  နှစ်ပတ်လည်အစည်းအဝေး ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)