တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်




ပုသိမ် ၊ အောက်တိုဘာ ၂၃


ပဥ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗိုလ်လုပွဲစဉ်အဖြစ် ပန်းတင်ကုန်းအက်ဖ်စီအသင်းနှင့် မြဧရာအက်ဖ်စီအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ဗိုလ်လုပွဲစဉ်တွင် မြဧရာအက်ဖ်စီအသင်းက ပန်းတင်ကုန်းအက်ဖ်စီအသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် Man Of The Match ဆုရရှိသည့်အားကစားသမားကို ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်နာယက ကလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံး ကစားသမားဆု ရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ဂိုးသမားအကောင်းဆုံး ကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပန်းတင်ကုန်းအက်ဖ်စီဘောလုံး အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် မြဧရာအက်ဖ်စီဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)