ရန်ကုန် ၊ အောက်တိုဘာ ၂၇
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိခဲ့သူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ တိုင်းဒေကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးကိုယ်စားပြု ဆုတံဆိပ်အသီးသီးဆွတ်ခူးရရှိသော ပြိုင်ပွဲဝင်များက 'အောင်စေပိုင်စေ' တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းအား Video Clip ဖြင့် ပြသခဲ့သည်။
ဆက်လက်၍ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီး ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ် ၆၅ ဆု၊ ငွေတံဆိပ် ၄၃ ဆု၊ ကြေးတံဆိပ် ၁၉ ခုနှင့် ဂုဏ်ပြုဆု(၁)ဆု စုစုပေါင်းဆုတံဆိပ် (၁၂၈) ဆု ရရှိခဲ့သည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ်ဆုများ ပိုမိုရရှိနိုင်ရေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ဆောင်သူများဖြစ်အောင် ဆက်လက်ကြိုးပမ်း လေ့ကျင့်ယှဉ်ပြိုင်သွားစေလိုကြောင်း၊ ပြိုင်ပွဲဝင်များ၊ စနစ်တကျ သင်ကြားပေးခဲ့သည့် နည်းပြများ၊ လိုက်ပါဆောင်ရွက်ခဲ့သည့် အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့ ၏ဇနီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုတံဆိပ်ရရှိခဲ့ကြသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment