မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်ပိုင်း ၉ နာရီက မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်း လိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပူးပေါင်းအဖွဲ့များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျ ငြှိမ်းသက်ထားရှိရန်၊ ဖယောင်းတိုင်မီးများ၊ အမွေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျအသုံးပြုရန်နှင့် မီးဘးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်တို့ကို ရပ်ကွက်နေပြည်သူများအား ဆွေးနွေးမှာကြား၍ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment