ဟင်္သာတ ၊ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်း နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ချိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးမိုးကျော်က စားသုံးသူဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါဖြိုးစန္ဒာဝင်းက လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ၊ မှုးယစ်ဆေးဝါး အသိပညာပေးအကြောင်းအရာများနှင့် ကလေးအလုပ်သမားဆိုင်ရာ နံရံကပ်စာစောင်တို့ကို ပြသခဲ့ရာ ကျောင်းသား/ သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှုမြင့်မားလာစေရန်နှင့် ကျောင်းစာကြည့်တိုက်တိုးတက်ဖွံ့ဖြိုးရေးအတွက် စာအုပ်၊ စာစောင်များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment