ပဲခူးမြို့တွင် ဆွဲကြိုးဖြတ်လုယက်သူများအား ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ဆွဲကြိုးဖြတ်လုယက်သူများအား ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဖမ်းဆီးရမိ


ပဲခူး၊ အောက်တိုဘာ ၂၂

ပဲခူးမြို့ပေါ်တွင် ဆွဲကြိုးဖြတ်လုယက်နေသည့်သူများအား ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီးရှိလမ်းမများ၊ မင်းလမ်းမများနှင့် လူသူပြတ်သည့် နေရာများတွင် ဆွဲကြိုးဖြတ် လုယက်မှုများမကြာခဏ ဖြစ်ပေါ်နေခဲ့သဖြင့် အဆိုပါဆွဲကြိုးဖြတ် လုယက်သူများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ အဆင့်ဆင့်ညွှန်ကြားချက်၊ အနီးကပ်ကွပ်ကဲကြီးကြပ်မှုတို့ဖြင် ပဲခူးမြို့မရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးဒုရဲမှူးကျော်မိုး၊နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်နိုင်လင်းထက်နှင့် တပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်းအသွင်ယူကာ လှည့်ကင်းဆောင်ရွက်နေစဉ် ပဲခူးမြို့ရုံးကြီးရပ်ကွက် ပြည်တော်သာ (၄) လမ်း၌ လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားသည့် နှစ်ကျပ်သားကျော်ခန့် ဆွဲကြိုးအား အမျိုးသားတစ်ဦး မောင်းနှင်ပြီး အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်ပေါ်မှလုယူ ထွက်ပြေးသွားသည့် တရားခံများကိုဖမ်းဆီးခဲ့သည်။ 

အဆိုပါဖမ်းဆီးရမိသူအား ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ပဲခူးမြို့ပေါ်ရှိ နေရာဒေသ အသီးသီးမှ လုယူခဲ့သည့် ဆွဲကြိုးဖြတ်လုယက်မှု (၁၂) မှု ထပ်မံပေါ်ပေါက်ခဲ့သဖြင့် ပဲခူးမြို့မ ရဲတပ်ဖွဲ့စခန်း၌ (ပ)/၂၅၆/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ဖြစ်စဉ်များနှင့် ပတ်သက်၍ အရေးယူမှုများဆက်လက် ပြုလုပ်နေကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - တင်စိုး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)