နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ အောက်တိုဘာ ၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာနှင့် တောင်ပို့သာကျေးရွာအား ဆက်သွယ်ထားသည့် လယ်ငယ်ချောင်းကူးတံတား ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သဖြင့် ယာယီဘေလီတံတား ထိုးနေမှုအခြေအနေကိုလည်းကောင်း၊ တောင်ပို့သာကျေးရွာနှင့်သကြား ဟင်းအိုးကျေးရွာအား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ရေတိုက်စားခဲ့မှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ ပြည်သူများ သွားလာမှုအဆင်ပြေစေရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ရေဘေးသင့် ပြည်သူများနှင့်တွေ့ဆုံပြီး ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ ရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေး၊ စပါးနှင့်ဆီထွက်သီးနှံများ၊ မိုးနှောင်း သီးနှံများ၊ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ မကျီးပင်ကျေးရွာ အုပ်စုအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် နေအိမ် ၉၉ လုံးအတွက် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပစ္စည်းပုံးများနှင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် မျိုးစပါးများ၊ သွင်းအားစုများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပုဗ္ဗသီရိမြို့နယ် ဆင်သေချောင်းကူး တံတား (ပုပ္ပါးကုန်း) သို့ရောက်ရှိပြီး လမ်းဦးစီးဌာနက တံတားချဉ်းကပ်လမ်းဆောင်ရွက်နေမှု၊ နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေသည့် ဆင်သေချောင်းအား ရေတိုက်စားမှုမှကာကွယ်ရန် အရေးပေါ်ယာယီကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် စက်ယန္တရား များဖြင့် သောင်တူးဖော်ခြင်း လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)