မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




မကွေး ၊ အောက်တိုဘာ ၂၃


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ မကွေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း) အထွေထွေပိုလျှံရန်ပုံငွေ(၆၄၀.၀၀၀)သန်းဖြင့်ဆောင်ရွက် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး)လမ်း ဖိုလေးလုံးကျေးရွာအနီး မိုင် ၂၂/၆-၇၉/၄= ၅၆ မိုင် ၆ ဖာလုံ(၃၆.၆၁၃ ကီလိုမီတာမှ ၁၂၇.၉၄၃ ကီလိုမီတာထိ ၉၁.၃၃ ကီလိုမီတာ မူလလမ်း ၁၈' အကျယ်မှ ၂၄' အကျယ် ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ ယာယီရှင်းလင်းဆောင်တွင် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အရည်အသွေးများပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ယူဆောင်ရွက်နေသောလမ်းများသည် ဒေသတွင်းကျေးရွာများမှ လမ်းဦးစီးဌာနပိုင်လမ်းမကြီးများသို့ တိုက်ရိုက်ဆက်သွယ်သောလမ်းများဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်မှုအဆင်ပြေချောမွေ့စေရန် လမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားရန်လိုအပ်ကြောင်း ရာသီမရွေးသွားလာနိုင်သည့် Pave Road များအဖြစ် အဆင့်မြှင်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လမ်းတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရန် လမ်းဘေးရေထုတ်မြောင်းများ စနစ်တကျတူးဖော်ခြင်း၊ လိုအပ်သည့်နေရာများတွင် ရေထုတ်ပြွန်(သို့မဟုတ်) Box Culvert များ ထည့်သွင်းတည်ဆောက်ခြင်း၊ လမ်းပုခုံးများ တောင့်တင်းအောင်ပြုလုပ်ခြင်း၊ လမ်းတည်ဆောက်ပြီးသွားပါက တန်ပိုယာဉ်များ သွားလာမှုမရှိစေရန် ကြီးကြပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားကာ၊ မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာအုပ်စု ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်သည်များမေးမြန်းကာ၊ ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)