ကြို့ပင်ကောက်မြို့တွင် (၇၇) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် (၇၇) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ




ကြို့ပင်ကောက်၊ အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၇) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို အရှေ့ဘက်မဟာလောကသီရိဘုရားကြီးမှ မြို့မဈေးအား လက်ယာရစ်တစ်ပတ်ပတ်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ အပါအဝင် ဝါဆိုသံဃာ (၂၁၆)ပါး၊ သီလရှင်(၅၆)ပါး၊ စာသင်တိုက်ကြီးများမှ ဝါဆိုသံဃာ(၁၅၀)ပါး၊ သီလရှင်(၈၉)ပါး၊ စုစုပေါင်းဘုရားအပါအဝင် (၅၁၃)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စေတနာရှင်အလှူရှင်များမှ ဆန်အိတ်(၁၄၆)အိတ် (တန်ဖိုးငွေကျပ်-၁၂,၄၁၀,၀၀၀) လှူဖွယ်ပစ္စည်းတန်ဖိုး ငွေကျပ် (၅,၉၄၀,၀၀၀) ငွေသားတန်ဖိုး(၁၁,၄၅၅,၀၀၀)ကျပ် စုစုပေါင်းတန်ဖိုး(၂၉,၈၀၅,၀၀၀)ကျပ်တို့အား စုပေါင်း၍ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြာင်း သိရသည်။

အဆိုပါ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးအား အရှေ့မဟာလာကသီရိဘုရားကြီးမှ အရှေ့လမ်းမတော်လမ်း၊ မင်းခေါင်ကျာင်းလမ်း၊ ဘူတာရုံလမ်းမှတဆင့် ရုံးလမ်းအရှေ့ထိပ်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)