သာကေတမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ ) သင်တန်းအမှတ်စဥ် ( ၁/၂၀၂၄) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ ) သင်တန်းအမှတ်စဥ် ( ၁/၂၀၂၄) သင်တန်းဖွင့်လှစ်




သာကေတ ၊ အောက်တိုဘာ ၂၃


သာကေတမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ် ၁/ ၂၀၂၄ သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီက အဆိုပါမြို့နယ် မီးသတ်ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ရာ သာကေတမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် (၂) ဦးညွန့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး​ညွန့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဋ္ဌာန မြို့နယ်ဦးစီးအရာရှိ ဦးမင်းမင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းက သင်တန်းသားများအနေဖြင့် သင်တန်းမှာသင်ကြားပေးသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် လိုက်နာ သင်ကြားကြရန်၊သင်ကြားပေးသည့်သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် ပြည်သူလူထုအကျိုးအတွက် ထိရောက်စွာအသုံးချကြရန်၊ မိမိရပ်ကွက် မိမိမြို့နယ် မီးဘေးအန္တရာယ် ကင်းဝေးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထပ်မံတိုးချဲ့ ဖွဲ့စည်း ရာတွင်လည်း ဝိုင်းဝန်းကူညီပေးကြရန်များ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမင်းမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဒုတိယမီးသတ်ဦးစီးမှူး ဦးနေဝင်းထွန်းက သင်ကြားမှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး (ခေတ္တ) ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းက သင်တန်းသားများ အား တူညီမီးသတ်ဝတ်စုံများကိုပေးအပ်ရာ သင်တန်းသားများကိုယ်စား မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ တပ်ခွဲမှူး ဇဝနလွင်က လက်ခံရယူခဲ့သည်။


အဆိုပါသင်တန်းကို သင်တန်းမှူး ဒုတိယမီးသတ်ဦးစီးမှူး ဦးနေဝင်းထွန်းနှင့် နည်းပြများအဖြစ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄)ဦးတို့က သာကေတမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးအား အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ညနေ ၄ နာရီမှ ည ၇ နာရီခွဲထိ ရက် သတ္တပတ်(၄)ပတ်ကြာ စာတွေ့၊ လက်တွေ့များ လေ့ကျင့်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။


ဆောင်းနှင်းဖြူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)