ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ




ဆင်ပေါင်ဝဲ ၊ အောက်တိုဘာ ၂၁


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ အာစရိယပူဇော်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူဟောင်းများက ပဉ်ဓဂုဏံ အဟံဝန်ဒါမိ၊ အာစရိယဂုဏံ အဟံဝန္ဒာမိ ဂါထာတော် သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာကြီး ဦးစိုးသိန်းက ပူဇော်ပွဲကျင်းပရခြင်းအကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြကာ ကျောင်းသား/သူဟောင်းများက လက်ဆယ်ဖြာထိပ်မှာမိုး၍ အာစရိယဝန္ဒနာ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ဆရာကြီး၊ ဆရာမကြီးများကို ဆုတောင်းမေတ္တာပို့ကြသည်။


ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီးတို့မှ ကျောင်းသား၊ ကျောင်းသူဟောင်းများကို ဆုံးမဩဝါဒ စကားများ ပြောကြားပြီး ကန်တော့ခံငွေနှင့်အမှတ်တရပစ္စည်းများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးဆယ်တင်မှ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြကြောင်း သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)