မုဒုံမြို့နယ်ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၅၀)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၅၀)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်



မုဒုံ  ၊ အောက်တိုဘာ  ၁၀


မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။


၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲ၌ မြို့နယ်အတွင်းရှိဘုန်းကြီးကျောင်း (၇၅)ကျောင်းမှ သံဃာ(၁၉၄၀)ပါး၊ သီလရှင်ကျောင်း (၁၇) ကျောင်းမှ သီလရှင် (၂၃၄)ပါး စုစုပေါင်း သံဃာ၊ သီလရှင် (၂၁၇၄)ပါးအား မြို့သူ မြို့သားများက ဆွမ်းဆန်တော်၊ ငွေပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူသွားမည်ဖြစ်ကြောင်း၊ နှစ်စဉ်ရိုးရာမပျက်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ လှေသဘင်ပြိုင်ပွဲကို ကန်ကြီးမင်္ဂလာကန်တော်အတွင်း ကျင်းပမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်များမှ လှေလှော်အသင်းများက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ဆုများကို ထိုက်ထိုက်တန်တန်ချီးမြှင့်ရန် စီစဉ်ထားကြောင်း စေတီတော်ဂေါပကအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထို့ပြင် ညပိုင်းတွင် သြဝါဒစရိယ ဆရာတော်ကြီးများထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့သူမြို့သားများက သီလခံယူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်  ကန်ကြီးစေတီတော်ဘုရားတွင် ဆီမီး (၉၀၀၀) ဆက်ကပ်ပူဇော်ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


အောင်မျိုးသူ 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)