ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၀၁၁၄၉ ဧက လျာထားစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၀၁၁၄၉ ဧက လျာထားစိုက်ပျိုးမည်





ကန့်ဘလူ ၊ အောက်တိုဘာ ၁၉


စစ်ကိုင်းတိုင်းဒေသ​ကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီ၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညှင်း၊ နေကြာနှင့်ပန်းနှမ်း စသည့် သီးနှံမျိုးစုံ ၂၀၁၁၄၉ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံမျိုးစုံအထွက်ကောင်း မျိုးကောင်းမျိုးသန့်များသုံးစွဲရေးနှင့်စိုက် စနစ်မှန်ကန်ရေး၊ ဒေသထွက်မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ဆီထွက်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများအရည် အသွေးကောင်းရရှိရေး၊ နောက်ဆုံးပေါ်နည်းပညာများ ရယူသုံးစွဲနိုင်ရေးနှင့် စျေးကွက်ဝင်ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန်လည်း စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။


ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများ လျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၉၅၂၆၈ ဧက၊ နှမ်း ၉၆၇၁၆ ဧက၊ မုန်ညှင်း ၅၆၃ ဧက၊ နေကြာ ၃၀၄၄ ဧကနှင့်ပန်းနှမ်း ၅၅၅၈ ဧက စုစုပေါင်း ၂၀၁၁၄၉ ဧကစိုက်ပျိုးမည်ဖြစ်ပြီး မြို့နယ်အတွင်းသာမက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)