တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

 





ထားဝယ်၊ အောက်တိုဘာ ၂၅

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများဖြင့် ၂၀၁၆ ခုနှစ်အထိ ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ (၂၄)ကြိမ်မြောက်နှင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ခမ်းနားထည်ဝါစွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက အဆိုဘာသာရပ်၊ မဟာဂီတ၊ ကာလပေါ်တေး/ ခေတ်ဟောင်းတေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တေးသီချင်းများကဏ္ဍတွင် (၁၈)ဦး၊ အကဘာသာရပ်တွင် (၇၀)ဦး၊ အရေးဘာသာရပ်တွင် (၃)ဦး၊ အတီးဘာသာရပ်တွင် (၃၅)ဦး၊ ပြိုင်ပွဲဝင်စုစုပေါင်း(၁၂၆)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဆုတံဆိပ်အနေဖြင့်ရွှေတံဆိပ်ဆု(၆)ဆု၊ ငွေတံဆိပ်ဆု(၄)ခု၊ ကြေးတံဆိပ်ဆု(၁၀)ခု၊ နှစ်သိမ့်ဆု(၃)ဆု၊ ဂုဏ်ပြုဆု(၁)ခု၊ စုစုပေါင်းဆု(၂၄)ခုရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် အဆင့်(၉)ရရှိခဲ့သောကြောင့် တိုင်းဒေသကြီးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကျေနပ်မိကြောင်း၊ ပြိုင်ပွဲတွင်ဝိုင်းဝန်းပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော အနုပညာရှင်များ၊ မျိုးဆက်သစ်ပညာရှင်များ၊ ဆုရပြိုင်ပွဲဝင်များ၊ ဆုရရှိအောင်ကြိုးစားခဲ့သူများ၊ ဆုမရရှိခဲ့သော်လည်း အတတ်နိုင်ဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များအားတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေနပ်အားရဝမ်းမြောက်မိကြောင်း၊ အုပ်ချုပ်သူများ၊ ပံ့ပိုးသူများ၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေချော့မွေ့အောင် စီစဉ်ဆောင်ရွက်ပေးသည့် အဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း၊ (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်လည်း ပြိုင်ပွဲဝင်များပိုမိုရရှိအောင်၊ ယှဉ်ပြိုင်နိုင်ရေး၊ ဆုတံဆိပ်များရရှိအောင် ကြိုးစားဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်ဦးအောင်ကျော်ကျော်ဦးက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး ထားဝယ်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွင် ရရှိသောဂုဏ်ပြုဆုဒိုင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့်ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုငွေ(၂)သိန်းကျပ်၊ ဒုတိယ(၁)သိန်းခွဲကျပ်၊ တတိယ(၁)သိန်းကျပ်၊ နှစ်သိမ့်ဆု(၇)သောင်းခွဲကျပ်၊ ထားဝယ်တိုင်းရင်းသားရိုးရာအကအဖွဲ့အား ထပ်ဆင့်ဂုဏ်ပြုငွေ(၂)သိန်းကျပ်နှင့် ထားဝယ်ဒေသခံလုပ်ငန်းရှင်များက ပြိုင်ပွဲဝင်များအား ဂုဏ်ပြုငွေ(၅၀)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်များကိုယ်စား ထားဝယ်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ အတီးခေါင်းဆောင် ပုသိမ်ဦးထွန်းထွန်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)