အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် အီရန်ရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တိကျသောတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု IDF ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က စနေနေ့အစောပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
“အစ္စရေးနိုင်ငံကို အီရန်က လနဲ့ချီ ဆက်တိုက် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အခု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေက အီရန်မှာရှိတဲ့ စစ်ပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ရေတပ်ဗိုလ်ချုပ်က ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“အစ္စရေးနိုင်ငံနဲ့ အစ္စရေးပြည်သူတွေကို ခုခံကာကွယ်ဖို့ လိုအပ်တာမှန်သမျှ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
တိုက်ခိုက်မှု၏ အတိုင်းအတာကို ချက်ချင်းရှင်းလင်းစွာ မသိရသေးဘဲ မြို့တော် တီဟီရန်တွင် အနည်းဆုံး ပေါက်ကွဲမှု ခုနစ်ကြိမ်ကြားရကြောင်း တီဟီရန်မြို့ခံတစ်ဦးက AP သို့ ပြောကြားခဲ့သည်။
ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင်များနှင့် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ဗိုလ်ချုပ်တစ်ဦးတို့ သတ်ဖြတ်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးကို ပဲ့ထိန်းဒုံးကျည် ၂၀၀ နီးပါး ပစ်ခတ်ခဲ့သည်။
အစ္စရေးသည် အချိန်ကာလအပိုင်းအခြားကို မသတ်မှတ်ဘဲ တိကျသေချာပြီး ထိတ်လန့်အံ့သြဖွယ် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
တီဟီရန်သည် အစ္စရေးအား မည်သည့်တိုက်ခိုက်မှုမျိုးမဆို ပြုလုပ်ခြင်းမပြုရန် သတိပေးထားပြီး ထိုသို့ပြုပါက ပြတ်ပြတ်သားသားနှင့် နောင်တရဖွယ် တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။
Ref - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment