ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်





ပဲခူး၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများသည် မိမိတို့မြို့နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ဆောင်ရွက်နေကြသူများ ဖြစ်သလို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကွင်းဆင်းစစ်ဆေးကြီးကြပ်ရန်တာဝန်ရှိကြောင်း၊ မြို့နယ်အလိုက် အဓိကသီးနှံ (၁၀) မျိုးအနက်မှ ဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် တစ်အုပ်တစ်မ သီးနှံစံပြစိုက်ခင်းများ ဖော်ဆောင်သွားရမှာဖြစ်သလို သဘာဝမြေဆီမြေနှစ်ကြွယ်ဝစေရေးနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ရေး ပိုက်ဆံလျှော်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ဒေသအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား တိုးချဲ့မွေးမြူနိုင်ရေးနှင့် ခြံလှောင်စနစ်ဖြင့် မွေးမြူသွားနိုင်ရေး အသိပညာပေး၍ စည်းရုံးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဝါး၊ ကြိမ်နှင့်ပတ်သက်သည့် စက်မှုလက်မှုလုပ်ငန်းသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပွင့်လင်းရာသီရောက်ရှိတော့မှာဖြစ်၍ ခရီးသွားလုပ်ငန်းများ ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်ဆောင်ရွက်ထားရန်နှင့် မြို့ရွာများ သန့်ရှင်းသာယာလှပစေရေး၊ ပန်းပေါင်းဝေဆာဖူးပွင့်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ထားရန်လိုအပ်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်ပစ္စည်းများအား ဟိုတယ်များနှင့်ချိတ်ဆက်၍ ခရီးသွားပြည်သူများ လွယ်ကူစွာဝယ်ယူနိုင်ရေး စီမံထားရှိရန်နှင့် အရာရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်၊ နတ်တလင်း၊ သာယာဝတီ၊ တောင်ငူ၊ ညောင်လေးပင်နှင့် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဒေသအလိုက် အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးအကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ ဒေသအလိုက် တင်ပြချက်များအပေါ် ကဏ္ဍတစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)