နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ (၄ဒဿမ၅)ပေရေကျော်ကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ (၄ဒဿမ၅)ပေရေကျော်ကျ




နတ်မောက်  ၊ အောက်တိုဘာ ၂၄


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၆ နာရီတွင် ဆည်ရေတိုင်းထွာချက်အရရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


နတ်မောက်ရေလှောင်တမံ၏ရေ ပြည့်အမှတ်သည်(၆၈၃)ပေရှိရာ လက်ရှိရေမှတ်မှာ (၆၈၇ဒဿမ၅) ပေရှိသည့်အတွက် ရေပိုလွှဲမှ(၄ဒဿမ၅) ပေရေကျော်ကျလျက်ရှိပြီးဆည်၏ ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိပ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်းချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများကကွင်းဆင်း ကြည့်ရှု၍အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။


လှဝင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)