တောင်ငူမြို့၌ ရေဘေးသင့်ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၌ ရေဘေးသင့်ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်း ဆောင်ရွက်




တောင်ငူ ၊ အောက်တိုဘာ ၁၀


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းအစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်‌နေ့အထိ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် တောင်ငူမြို့ အမှတ်(၁)ရပ်ကွက်၊ (၁၈)ရပ်ကွက်နှင့် ဇီးဒိုင်းကျေးရွာအုပ်စုများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်း (၁၅)ဦးပါဝင်သည့် စိတ်လူမှုပိုင်းဆိုင်ရာပံပိုးမှုအဖွဲ့သည် ရေဘေးသင့်ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုများကို အားပေးခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ၊ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးခြင်း၊ ရေဘေးသင့်ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်သုံးနှစ်အောက်ကလေးများ၊ မသန်စွမ်းသူများ၊ အသက်(၇၀)နှင့်အထက် သက်ကြီးရွယ်အိုများစာရင်းတို့ကို ကောက်ယူခဲ့ပြီး အဆိုပါ ထိခိုက်လွယ်အုပ်စုဝင်များအား Hygiene kits ၊ ဆေးစိမ်ခြင်ထောင်၊ ရေသန့်ဆေးမှုန့် ၊ ဆပ်ပြာခဲနှင့် ကလေးများအတွက် မုန့်များပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။


တောင်ငူမြို့နယ်တွင် ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးမှုကြောင့် နောက်ဆက်တွဲ ထိခိုက်ခံစားနေရမှုများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းဖြင့် ထိခိုက်ခံစားနေရမှုများ လျော့နည်းစေရန်၊ လိုအပ်ချက်များ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်နှင့် စိတ်ထိခိုက်ခံစားနေရသူများအား နှစ်သိမ့်ပေးခြင်းဖြင့် အမြန်ဆုံးသက်သာရာရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)