ကြံခင်း ၊ အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့များက ကွင်းဆင်းကြည့်ရှု အားပေးကြသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက သက်ဆိုင်ရာ ကောက်ကွက်များရှိ မိသားစုဝင်များ၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းကောက်ယူနေမှု၊ ပြည်သူများမှ စိတ်ပါဝင်စားစွာ ပြန်ဖြေဆိုနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးဇော်မင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိဒေါ်မေလီခမျိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်တို့က ကွင်းဆင်းလိုက်လံကြည့်ရှု အားပေးကြကာ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ကပူးပေါင်း၍ အစဉ်ပြေချောမွေ့စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၃၀)အုပ်စုရှိ ကျေးရွာပေါင်း(၂၅၁)ရွာ၌ ကောက်ကွက်ပေါင်း(၂၇၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်(၁၁၀)ဦးဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ကောက်ကွက် ၂၂၉ ကွက်တွင် ကျား ၂၉၈၉၃ ဦး၊ မ ၃၆၀၉၀ ဦး စုစုပေါင်း ၆၅၉၈၃ ဦး၊ အိမ်ထောင်စု ၂၁၃၆၁ စု ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment