ပေါင်၊ အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်( ၁၀ )နာရီက ညောင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ရဲအောင်နှင့် ဝန်ထမ်းတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများ စသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးအေး ကကျေးဇူးတင်စကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှထုတ်ဝေသည့်ခွေးရူးရောကာကွယ်ရေး နှင့်ပတ်သက်သည့် လက်ကမ်းစာစောက်များကို ကျောင်းသား၊ကျောင်းသူများအားပေးဝေခဲ့ကြောင်းသိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment