ဘိုကလေး၊ အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သီတင်းကျွတ်ပွဲတော်ရက်မတိုင်ခင်ကပင် ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် ဈေးအရောင်းပွဲတော်များ၊ ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပလျက်ရှိရာ ယခုအချိန် သီတင်းကျွတ်ပွဲတော်ရက် ညပိုင်းများ၌ ဘုရားဖူးလာပြည်သူများ၊ ဈေးအရောင်းပွဲတော်သို့ လာရောက်ကြသူများ၊ ပျော်ပွဲ၊ ရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲကြသူများဖြင့် လွန်စွာ စည်ကားသိုက်မြိုက်လျက်ရှိသည်။
ဘုရားဖူးလာရောက်သူများကလည်း ရန်ပြေမာန်ပြေအောင်စကြာစေတီတော်ဝန်းအတွင်းရှိ အောင်စကြာစေတီတော်မြတ်ကြီးအပါအဝင် လောကချမ်းသာနဂါးရုံ ဘုရား၊ အရံစေတီငယ်များ၊ ဂြိုလ်တိုင်များတွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ဈေးအရောင်းပွဲတော်တွင် စုံလင်လှသည့် မြန်မာ့ရိုးရာအစားအစာများ၊ အကင်၊ အကြော်အလှော်များ ဝယ်ယူစားသောက်ခြင်း၊ အဝတ်အထည်များ၊ အရုပ်စုံများလည်း ဝယ်ယူကြခြင်း၊ ပျော်ပွဲ၊ ရွှင်ပွဲများအနေဖြင့်လည်း ချား၊ ရဟတ်၊ အပျော်စီးလှေ၊ ကလေးကစားကွင်းများ ပါရှိသဖြင့် လူကြီး၊ လူငယ်၊ ကလေး အရွယ်စုံ ပါဝင်ဆင်နွှဲကြခြင်းတို့ဖြင့် ဘိုကလေးမြို့နယ်၏ သီတင်းကျွတ်ပွဲတော် ညပိုင်းအချိန်များတွင် လွန်စွာစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment