ရပ်စောက်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်ပံ့ပိုးငွေဖြင့် အသင်းသားတောင်သူများအတွက် သွင်းအားစုများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်ပံ့ပိုးငွေဖြင့် အသင်းသားတောင်သူများအတွက် သွင်းအားစုများထောက်ပံ့ပေးအပ်




ရပ်စောက်  ၊ အောက်တိုဘာ ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ပံ့ပိုးငွေဖြင့် ဆောင်းသီးနှံ နေကြာစိုက်ပျိုးသော အသင်းသားတောင်သူများအတွက် နေကြာမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုတို့မှ မိုးမခ၊ တပ်ကြီးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ နေကြာစိုက်ပျိုးသောအသင်းသားများသို့ မြို့နယ် သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့်(၂၀၀.၆၇)ဧကအတွက် (၁) ဧကလျှင်ကျပ် (၃) သိန်းနှုန်းဖြင့် (၆၀၂) သိန်းနှင့်ညီမျှသော သွင်းအားစုများ၊ မြို့နယ်သမဝါယမအသင်းစုမှထုတ်လုပ်သော စွမ်းထက်သဘာဝမြေဩဇာများနှင့် နေကြာမျိုးများကို မြို့နယ်သမဝါယမ ဦးစီးအရာရှိဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့က နေကြာသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစု အခက်အခဲမရှိစေရေး နေကြာတစ်ဧကတွင်ငွေကျပ်(၃)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသည့်နေကြာများရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဈေးကောင်းရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)