နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဗဟိုရုံး စာဝင်စာထွက်ဌာနမှ တာဝန်ကျ မဟနအဖွဲ့ အစည်းအဝေးများ နှင့် မဟန ၄၇ ပါး စုံညီ အစည်းအဝေးသို့ မတင်ပြဘဲ ထိန်ချန်ထားသောမှုခင်း/ ဖျောက်ဖျက်ထားသောမှုခင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဗဟိုရုံး စာဝင်စာထွက်ဌာနမှ တာဝန်ကျ မဟနအဖွဲ့ အစည်းအဝေးများ နှင့် မဟန ၄၇ ပါး စုံညီ အစည်းအဝေးသို့ မတင်ပြဘဲ ထိန်ချန်ထားသောမှုခင်း/ ဖျောက်ဖျက်ထားသောမှုခင်း




အထက်ပါမှုခင်းတိုင်ကြားလွှာကို ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်စွဲဖြင့် 

၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဗဟိုရုံး

၂။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်

၃။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်ချုပ်ဆရာတော်

၄။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံ တင်ပြထားပြီး ဖြစ်ပါသည်။ 

မိတ္တူများကို

၁။ ဒုတိယဗိုလ်ချုပ်မှူးကြီးဦးစိုးဝင်းရုံး

၂။ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး

၃။ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှေ့နေချုပ်ရုံး

၄။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး

၅။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး

၆။ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ ဌာနချုပ် ရဲချုပ်ရုံးတို့ထံ မိတ္တူများ ပေးပို့တင်ပြထားပြီး ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် ဇုလိုင်လ ၅ ရက် ၆ ရက် ကျင်းပသည့် မဟန ၄၇ ပါး စုံညီ သတ္တရသမ အစည်းအဝေး ကျင်းပပြီး နောက်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဗဟိုရုံး စာဝင်စာထွက်ဌာနမှ တာဝန်ကျ မဟနအဖွဲ့ အစည်းအဝေးများနှင့် မဟန ၄၇ ပါး စုံညီ အစည်းအဝေးသို့ မတင်ပြ‌ကြောင်း/ ထိန်ချန်ထားကြောင်း/ ဖျောက်ဖျက်ထားကြောင်း စတင်သိရှိခဲ့ရပါသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် အမှုတွဲ အပြည့်အစုံ မိတ္တူကူးပြီး တာဝန်ကျ ရုံးထိုင် မဟန တတိယအဖွဲ့ တွဲဖက်အကျိုးတော်‌ဆောင် ၁ ဆရာတော် ဦးသီဟနာဒထံ ကိုယ်တိုင် သွားရောက် ဆက်ကပ် တင်ပြ လျှောက်ထားခဲ့ပါသည်။ ယနေ့အထိ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း တွေ့ရပါသည်။ 

ထို့ကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘလလ ၇ ရက်နေ့ စ၍  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဗဟိုရုံး စာဝင်စာထွက်ဌာနမှ တာဝန်ကျ မဟနအဖွဲ့ အစည်းအဝေးများ နှင့် မဟန ၄၇ ပါး စုံညီ အစည်းအဝေးသို့ မတင်ပြဘဲ ထိန်ချန်ထားသောမှုခင်း/ ဖျောက်ဖျက်ထားသောမှုခင်း အကြောင်းအရာများကို နိုင်ငံတော်အကြီးအကဲ သိမြင်နိုင်ရန် တာဝန်ရှိသူများ သိမြင်နိုင်ရန် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ သိမြင်နိုင်ရန် ပတ်ဘလစ်ပို့စ်များဖြင့် အများပြည်သူ သိရှိခွင့်ရရှိရေးအတွက် ထုတ်ဖော်တင်ပြပေးခဲ့ရပါသည်။

သက်ဆိုင်ရာများထံ ထပ်မံ တင်ပြတိုင်ကြားချက်များ ပေူပို့တင်ပြတိုင်ကြားထားပြီး ဖြစ်ပါသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ လှည်းကူးတရားရုံးရှေ့ အင်တာဗျူး ဖြေဆိုပွဲ၌ ထုတ်ဖော်ဖြေဆိုပြောကြားထားပြီး ဖြစ်ပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဗဟိုရုံး စာဝင်စာထွက်ဌာနမှ တာဝန်ကျ မဟနအဖွဲ့ အစည်းအဝေးများ နှင့် မဟန ၄၇ ပါး စုံညီ အစည်းအဝေးသို့ မတင်ပြဘဲ ထိန်ချန်ထားသောမှုခင်း/ ဖျောက်ဖျက်ထားသောမှုခင်းကို အများပြည်သူများ သိခွင့်ရရှိရေးအတွက် ဖော်ထုတ်တင်ပြနေရခြင်းမှာ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့အပေါ်၌ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့် တရားစွဲ အရေးယူမှုကို ၂၀၂၄ ခုနှစ် ဇူလိုင်လလ ၃ ရက်နေ့မှ စ၍ ယနေ့အထိ ရင်ဆိုင်ဖြေရှင်းနေရခြင်းကြောင့် ဖြစ်ပါသည်။

အကယ်၍သာ သက်ဆိုင်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သက်ဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့က အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနှင့် အပေါင်းအပါများက အဓမ္မဝါဒ အဖြစ် ဆုံးဖြတ်ထားပြီး တားမြစ်ပိတ်ပင်ထားပြီး ဖြစ်နေသော ကျောက်သင်္ဘောဝါဒများ ပြန်လည်ဖော်ထုတ် ဟောပြောနေမှုအတွက် အချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်ပေးခဲ့ပါက  ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့အပေါ်၌ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့်ခြင်း တရားစွဲခြင်း အရေးယူခြင်းတို့ကို ပြုလုပ်ခွင့် မရှိနိုင်ပါ။ 

သက်ဆိုင်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သက်ဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က အရေးယူ ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် တစ်နည်းအားဖြင့် ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့ အပေါ်၌ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့်ခြင်း တရားစွဲခြင်း အရေးယူခြင်းတို့ကို ပြုလုပ်နေခြင်းကြောင့် တစ်နည်းအားဖြင့် ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့မှာ နစ်နာခြင်းခံရထိုက်သော ကျူးလွန်မှုမရှိပါဘဲ နစ်နာခြင်း များစွာ နစ်နာနေရခြင်းကြောင့် သက်ဆိုင်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သက်ဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က အရေးယူဆောင်ရွက်ပေးမှုမရှိဘဲ ထိန်ချန်ဖျောက် ဖျက်ထားသော အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနှင့် အပေါင်းအပါများက အဓမ္မဝါဒ အဖြစ် ဆုံးဖြတ်ထားပြီး တားမြစ်ပိတ်ပင်ထားပြီး ဖြစ်နေသော ကျောက်သင်္ဘောဝါဒများ ပြန်လည်ဖော် ထုတ် ဟောပြောနေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်စစ်ဆေး ဆုံးဖြတ်ညွှန်ကြားအရေးယူပေးပါရန် ထပ်မံ တင်ပြတိုင်ကြားပါသည်။


ဦးအောင်မြိုင်

အောင်မြိုင် (မစိုးရိမ်စာသင်သား)

စာကြွင်း။ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် မှုခင်းကိစ္စ ရုံးချိန်း အသွားအပြန် လိုက်ပါ ကူညီနေသည့် မကွေးကျောင်းဆရာတော်ဦးပါမောက္ခကိုတောင် ရဲဝတ်စုံ ဝတ်ထားသူများက လာရောက်မေးမြန်းစုံစမ်း ခြင်းများ ပြုလုပ်၍ လာရောက်ခြိမ်းခြောက်သည်အထိ မတရားပြုလုပ်မှုများ ခံနေရသည့် အခြေအနေတွင် ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့မှာ ထောင်ချမခံရသေးခြင်း သို့မဟုတ် လုပ်ကြံတိုက်ခိုက် မခံရ သေးခြင်းမျှသာ ကျန်ပါတော့သည်။ ငွေကြေးကုန်ကျရမှုများ ဖမ်းမယ် ထောင်ချမယ် စသည်ဖြင့် ခြိမ်းခြောက်ခံများအရ နစ်နာရမှုများကတော့ များစွာ နစ်နာနေကြရပါကြောင်း ဖြည့်စွက်တင်ပြပါသည်။

နိင်ငံတော်သို့ တင်ပြပေးနိုင်သူများ ဖတ်မိလျှင် နိုင်ငံတော်သို့ ထပ်ဆင့် တင်ပြပေးပါရန် မေတ္တာရပ်ခံပါသည်။ သာသနာအတွက် ဓမ္မအတွက် ဝိနယအတွက် အကူအညီ ပေးကြပါရန် အမတ္တာရပ်ခံပါသည်။





Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)