ရွှေဘိုမြို့ ​ရှေး​ဟောင်းသမိုင်းဝင်​​ရွှေချက်သိုစေတီ​တော်မြတ်ကြီး ​ရွှေသင်္ကန်းကပ်လှူပူ​ဇော်ရန် အလှူ​ငွေ​ပေးအပ်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့ ​ရှေး​ဟောင်းသမိုင်းဝင်​​ရွှေချက်သိုစေတီ​တော်မြတ်ကြီး ​ရွှေသင်္ကန်းကပ်လှူပူ​ဇော်ရန် အလှူ​ငွေ​ပေးအပ်ခြင်းအခမ်းအနား ကျင်းပ




ရွှေဘို၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ရွှေဘိုမြို့ ရှေး​ဟောင်းသမိုင်းဝင်​​ရွှေချက်သိုစေတီတော်မြတ်ကြီး ​ရွှေသင်္ကန်းကပ်လှူပူ​ဇော်ရန် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ယ​နေ့နံနက် ၈ နာရီအချိန်က အဆိုပါ​စေတီ​တော်ရှိ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ဆက်လက်၍ တက်​​ရောက်လာသူများမှ န​မောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ​​ရွှေဘိုမြို့နယ် သံဃနာယကဥက္ကဋ္ဌ ပုခန်း​ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဘဒ္ဒန္တဝါစကပဏ္ဍိဘဒ္ဒန္တဝိဿုတထံမှ (၅) ပါးသီလ ခံယူ​ဆောက်တည်ခဲ့ကြသည်။

ထို့နောက် အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်အမှတ် (၅) စစ်အုပ်ချုပ်​ရေးနယ်​မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့အတွင်း​ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများမှ လှူဖွယ်ပစ္စည်းနှင့် အလှု​ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့ဝင် တွဲဖက်အကျိုး​တော်​ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသလင်္ကာရာသီဝံသမှ အနု​မောဒနာတရား​တော် ​ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချ အမျှ​ပေး​ဝေခဲ့ကြသည်။   

ထို့​နောက်ဆရာ​တော် သံဃာ​တော်များမှ ​မေတ္တာသုတ်ပရိတ်တရား​တော်များ ရွတ်ပွားသရဇ္ဇျယ်ခြင်းများ ပြုလုပ်​ပေးခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဠတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီး​​မြောက်အောင်မြင်ခဲ့​ကြောင်း သိရသည်။ ​အဆိုပါလှူဒါန်းမှုတွင် ရွှေဘိုခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊​ ရွှေဘိုတပ်နယ်မှူးနှင့် အရာရှိစစ်သည်မိသားစုဝင်များ၊ မြို့မိမြို့ဖနှင့် ​စေတနာရှင်အလှူရှင်များ၏ စုစု​ပေါင်းလှူဒါန်း​ငွေကျပ် (၃၃၆၀၀၀၀၀ိ/) သိန်း​သုံးရာသုံးဆယ့်ခြောက်သိန်း ပါဝင်လှူဒါန်းနိုင်ခဲ့​ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)