သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြင်းဒိုက်-ကမ္ဘားနီ-စေတီတောင်-ဆင်တောင်-ခွေးရုပ်လမ်း ပျက်စီးမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြင်းဒိုက်-ကမ္ဘားနီ-စေတီတောင်-ဆင်တောင်-ခွေးရုပ်လမ်း ပျက်စီးမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သွားရောက်ကြည့်ရှုစစ်ဆေး




သာစည်  ၊ အောက်တိုဘာ ၂၃


မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော မြင်းဒိုက်-ကမ္ဘားနီ-စေတီတောင်-ဆင်တောင်-ခွေးရုပ်လမ်းအား မိတ္ထီလာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး‌(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်၊ သာစည်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ပိုပိုချစ်တို့သည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။


သာစည်မြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းခဲ့ရာ စက်တင်ဘာ ၁၂ ရက်နေ့က တောင်ပေါ်ဒေသ‌ကျေးရွာများဖြစ်သည့် မြင်းဒိုက်-ကမ္ဘားနီ-စေတီတောင်-ဆင်တောင်-ခွေးရုပ်‌ကျေးရွာတို့ ဆက်သွယ်သွားလာသည့် လမ်းအရှည် (၈/၀) မိုင်‌ ကျောက်လမ်းသည် တောင်ကျချောင်းရေ တိုက်စားမှုကြောင့် လမ်းသားပဲ့ကျခြင်း၊ တောင်ပြိုခြင်း၊ လမ်းပိုင်းပြတ်ခြင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လတ်တလောသွားလာရေး အဆင်ပြေနိုင်စေရေးအတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ တောင်ပြိုမြေများ ဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး  ထောက်ပံ့ပေး‌ငွေများ   ပေးအပ်ခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်သွားနိုင်ရေးအတွက်  မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။


အဆိုပါ မြင်းဒိုက်-ကမ္ဘားနီ-‌စေတီတောင်-ဆင်တောင်-ခွေးရုပ်‌လမ်းသည် ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၇၆၂) အိမ် လူဦးရေ(၃၆၂၇) ဦးတို့ ဆက်သွယ်သွားလာနေသော လမ်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)