ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၏ နိုင်ငံစုံစက်မှု မူဝါဒဆိုင်ရာဖိုရမ်သို့ ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၏ နိုင်ငံစုံစက်မှု မူဝါဒဆိုင်ရာဖိုရမ်သို့ ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်






ရီရတ်ဒ်၊ အောက်တိုဘာ ၅

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် ၂၃-၁၀-၂၀၂၄ ရက်မှ ၂၄-၁၀-၂၀၂၄ ရက်အထိ ကျင်းပခဲ့သော ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (UNIDO)၏ နိုင်ငံစုံစက်မှု မူဝါဒဆိုင်ရာ ဖိုရမ်-၂၀၂၄ (MIPF-2024)သို့ ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း များဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းတက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်၏ဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံ၏ စက်မှုနှင့် သယံဇာတ ရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Bandar bin Ibrahim Alkhorayef၊ အထူးဧည့်သည်တော် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး မင်းသား HRH Mr. Abdulaziz Bin Salman၊ UNIDO ညွှန်ကြားရေးမှူး ချုပ် Mr. Gerd Muller နှင့် ဂီနီနိုင်ငံဝန်ကြီးချုပ် H.E. Mr. Amadou Qury Bah တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲများနှင့် အဆင့်မြင့် စားပွဲဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ပါသည်။ 

အဆိုပါဖိုရမ်ကျင်းပသည့်ကာလအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ဖိုရမ်ဖွင့်ပွဲ၊ ပိတ်ပွဲ၊ လက်မှတ်ရေးထိုးပွဲ အခမ်းအနားများ၊ စားပွဲဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် UNIDO တို့က "Accelerating SDGs through Industry" ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ပြသသော ပြခန်းသို့ သွားရောက်လေ့လာခဲ့သည်။ 

ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်သည် ၂၃-၁၀-၂၀၂၄ ရက် ညနေပိုင်းတွင် ကျင်းပသော Gala Dinner သို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)