ငဖဲမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ ၂၀၆၉ ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ ၂၀၆၉ ဧက စိုက်ပျိုးပြီးစီး





ငဖဲ  ၊ အောက်တိုဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးရန် ၃၅၅၀ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယမန်နေ့ထိ ၂၀၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါ  ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၉ နှင့် ငွေချည် -၁၁ ဝါမျိုးများကို ပင်ဦး၊ ချောင်းဖြူ၊ အိုးမြေတွင်း၊ ဇီးတော၊ ပေါင်းကလေး၊ ပန်းထိန်း၊ ဆင်ချည်တိုင်၊ ပဒါန်းနှင့် သာယာကုန်းကျေးရွာအုပ်စုများတွင်  အများဆုံးစိုက်ပျိုးကြပြီး  မျိုးကွဲအလိုက်စိုက် ဧကမှာ ရွှေတောင်-၈ (၅၀၀)ဧက၊ ရွှေတောင်-၁၀ (၅၉၀ ) ဧက၊     ငွေချည်-၉ (၁၂၅ )ဧက ငွေချည်-၁၁ (၈၄၉) ဧကနှင့် B31 (၅)ဧက စုစုပေါင်း (၂၀၆၉)ဧက စိုက်ပျိုးပြီးစီးပြီး  ယခင် ၂၀၂၃ ခုနှစ် မိုးရာသီဝါသီးနှံကို  ၂၀၂၃ ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း    ၅၄၀.၇၄  ပိသာထွက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ဝါမျိုးစေ့နှင့် သွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ထားပြီး ဝါသီးနှံများအထွက်နှုန်း ကောင်းမွန်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေးနှင့် သတ်မှတ်အထွက်နှုန်းပြည့်မီစေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ နည်းပညာပေးသင်တန်းများပို့ချခြင်း၊ ကျေးရွာအရောက် ပညာပေးဆွေးနွေးပွဲများပြုလုပ်လျက်ရှိကြောင်း သိရသည်။


မယု(ငဖဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)