ဘာလင်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများက ကျင်းပသည့် (၅၇)ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံး၊ ဘာလင်မြို့မှ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာလင်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများက ကျင်းပသည့် (၅၇)ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံး၊ ဘာလင်မြို့မှ ပါဝင်တက်ရောက်





ဘာလင်၊ အောက်တိုဘာ ၂၉

 ဘာလင်မြို့အခြေစိုက် ဂျာမနီနိုင်ငံဆိုင်ရာ အာဆီယံသံရုံးများသည် (၅၇)ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၈-၁၀-၂၀၂၄ ရက်၊ ၁၁:၃၀ နာရီမှ ၁၄:၀၀ နာရီအထိ ဘာလင်မြို့ရှိ Maritim proArte Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဘာလင်မြို့မှ ပါဝင်ခဲ့ပြီး၊ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်း၊ သံရုံးမှ တာဝန်ရှိသူများနှင့် သံရုံး မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ အခမ်းအနားကို အာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဘာလင်-အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘာဒီးယားသံအမတ်ကြီး H.E. Mr. Cheeang Thyra က အဖွင့်အမှာစကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ မြန်မာသံရုံးက မြန်မာနိုင်ငံ၏ ဆွဲဆောင်မှုရှိသော ရှုခင်းများပါဝင်သည့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဗီဒီယိုကို မိတ်ဆက်ပြသခဲ့ပြီး မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ ယွန်းထည်များကို ခင်းကျင်းပြသခဲ့သည့်အပြင် တက်ရောက်လာကြသူများအား မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 အခမ်းအနားသို့ အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် မိသားစုဝင်များအပြင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများ၊ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)