အဓမ္မဝါဒဖော်ထုတ်သူများကို တရားစွဲဆိုထားခြင်းအား လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ဆန္ဒပြကန့်ကွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဓမ္မဝါဒဖော်ထုတ်သူများကို တရားစွဲဆိုထားခြင်းအား လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ဆန္ဒပြကန့်ကွက်မည်




လှည်းကူး၊ အောက်တိုဘာ ၂၁

အရိယာမဏ္ဍိုင် တောရရိပ်သာ ဆရာတော် ဦးသူရိယ ၏ ဟောပြောမှုများမှာ ဗုဒ္ဓ၏ တရားတော်များနှင့် ညီညွတ်ခြင်း မရှိသောကြောင့် ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးရန် စောဒနာတင်ခဲ့သည့် ဦးအောင်မြိုင်နှင့် အဖွဲ့ဝင်များကို ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းအပေါ် ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဦးပညာဝံသ က "ဆရာဦးအောင်မြိုင်တို့က ဓမ္မ/ အဓမ္မအဆုံးအဖြတ်ပေးနိုင်ဖို့ စောဒနာတင်ခဲ့ကြတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေနဲ့ မညီညွတ်တဲ့ ဟောပြောချက်တွေ၊ နိုင်ငံတော်က အဓမ္မဝါဒကြေညာပြီး ဟောပြောခွင့် ပိတ်ပင်ထားတဲ့ ကျောက်သင်္ဘောဝါဒကို ပြန်လည်ဟောပြောနေတာတွေကို ဦးသူရိယရဲ့ ဟောပြောချက် သက်သေအထောက်အထားတွေနဲ့ တင်ပြထားပါတယ်။ ဒါကို ဆရာတော်ကြီးတွေက စိစစ် ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ အခု အဲဒီလို နည်းမှန်လမ်းမှန် မဟုတ်ဘဲနဲ့ လှည်းကူးမြို့နယ်တရားရုံးမှာ တရားစွဲဆိုတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လည်း မပါဘူး။ ဥပဒေမဲ့ လုပ်သလို ဖြစ်နေပါတယ်။ ဒါကို ၂၃-၁၀-၂၀၂၄ ရက်နေ့ နေ့လည် ၂ ၀၀ နာရီ လှည်းကူးမြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြ ကန့်ကွက်သွားမှာပါ။ ဒီကနေ လှည်းကူးမြို့နယ်၊ မြို့မရဲစခန်းမှာ ငြိမ်းစုစီသွားရောက် အသိပေးခဲ့ပြီးပါပြီ" ဟု မိန့်ကြားသည်။

ဆန္ဒပြပွဲတွင် ဘုရားဟော တရားတော်များနှင့် ဆန့်ကျင်ဟောပြောသူ အရိယာမဏ္ဍိုင် တောရရိပ်သာမှ ဦးသူရိယအား ရာဇသတ်ကြီးပုဒ်မ ၂၉၅ - (က) အရ အရေးယူပေးရန်၊ နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သင်္ဘောဝါဒများ၊ အဓမ္မဝါဒများ ပြန်လည် ဖော်ထုတ်ဟောပြောနေသူ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယအား ဝိနည်းဓမ္မကံ ဥပဒေ ပုဒ်မ (၆/၁၀)အရ အရေးယူပေးရန်၊  နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ လာစစ်ဆေးရင် တစ်ထိုင်တည်း သောတာ ပန်ဖြစ်အောင် ဟောပေးမည်ဖြစ်ကြောင်း မိုက်မဲစွာ ဟောပြောသူ ဦးသူရိယအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က အရ အရေးယူပေးရန်၊ လှည်းကူးမြို့မရဲစခန်းနှင့် မြို့နယ်တရားရုံးတို့၏ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်ပေးရန်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ မေတ္တာရပ်ခံလွှာကို မျက်ကွယ်ပြု ၍ တရားစွဲဆိုမှုများ လုပ်ဆောင်နေသော လှည်းကူးမြို့မရဲစခန်းမှ မြို့နယ်မှူး၊ စခန်းမှူး၊ ပါဝင်ပတ် သက်သူများအား ဖော်ထုတ်အရေးယူပေးရန်၊ အဓမ္မဝါဒ ဖော်ထုတ်သူများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ဖြင့် တရားစွဲဆိုထားခြင်းမှ ချက်ချင်း ရုပ်သိမ်းပေးရေးရန်၊ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ ၏ ဟောပြောမှုများနှင့် ပတ်သက်၍ ဓမ္မ/ အဓမ္မ ကွဲပြားအောင် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် သံဃာ(၁၀၀)၊ လူ(၄၀၀) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြထားပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက ဟောပြောသွားမည်ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)