မရမ်းကုန်းမြို့နယ် အ.ထ.က (၄) အထက်တန်းကျောင်းတွင် "ပ" သုံးလုံးဆရာတော်မှ ၃၈ ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာအထောက်အကူပြု ရှင်းလင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ် အ.ထ.က (၄) အထက်တန်းကျောင်းတွင် "ပ" သုံးလုံးဆရာတော်မှ ၃၈ ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာအထောက်အကူပြု ရှင်းလင်းပွဲပြုလုပ်





ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းခရိုင်၊မရမ်းကုန်မြို့နယ် အ.ထ.ကအမှတ် ( ၄ ) အခြေခံပညာအထက်တန်းကျောင်း မရမ်းကုန်းမြို့နယ်ရှိ အ.ထ..က (၄) အထက်တန်းကျောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA  ပြည်တွင်းပြည်ပသာသနာပြု  "ပ" သုံးလုံးဆရာတော် ဘဒ္ဒန္တဝိမလဘိဝံသ၏ ( ၃၈ )ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ အထောက်အကူပြုရှင်းလင်းပွဲအား ၂၂.၁၀.၂၀၂၄ ရက်နေ့ နံနက် (၉ ၀၀ )နာရီအချိန်တွင် အခမ်းအနားဖြင့်ပြုလုပ်ခဲ့သည်။ 

ပထမဦးစွာ နမောတသ ( ၃ ) သုံးကြိမ်ရွက်ဆိုဖွင့်လှစ်ခဲ့ပြီး" ပ " သုံးလုံးဆရာတော်မှ (၃၈) ဖြာမင်္ဂလာတရား နှင့်အညီ ကျောင်းသား-ကျောင်းသူလေးများအား နူတ်ခွန်းဆက်သခြင်း ၊ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဆရာ/ဆရာမ များ၊ကျောင်းသားကျောင်သူ (၂၀၀) ကျော်တို့အား ၃၈ ဖြာနှင့် ယဉ်ကျေးလိမ္မာ  အထောက်အကူပြုရှင်းလင်းပြသခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ အတွင်းရေမှူး(၃) ဦး မောင်မောင်ညွန့်၊ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးသန့်စင် နှင့်အလုပ်အမှုဆောင်များ ၊အတွင်းရေးမှူး  ဒေါ် မြတ်စုလှိုင်၊ တွဲ့ဖက်အတွင်းရေးမှူး ဦးစိုးဝင်း၊ မရမ်းကုန်းခရိုင်ဥက္ကဋ္ဌ ဦးထွန်းဇာနည် နှင့် အမှုဆောင်များ၊ မရမ်းကုန်းမြို့နယ် ဥက္ကဋ္ဌ ဦးမောင်ထွန်းနှင့်အမှုဆောင်များ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဝင်းများ တက်ရောက်ခဲ့ကြပြီးအခမ်းအနားအား (၁၀း၃၀ )အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)