မြို့နယ်အလိုက် သီးထပ်စွမ်းအားပြိုင်ပွဲ၊ သီးနှံစိုက်ပြိုင်ပွဲများကျင်းပ၍ ထူးချွန်ဆုများချီးမြှင့်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အလိုက် သီးထပ်စွမ်းအားပြိုင်ပွဲ၊ သီးနှံစိုက်ပြိုင်ပွဲများကျင်းပ၍ ထူးချွန်ဆုများချီးမြှင့်မည်




ဘားအံ ၊  အောက်တိုဘာ ၂၃


ဒေသတွင်း နေ့စဉ်စားသုံးလျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို စွမ်းအားပြည့်လုပ်ကိုင်ထုတ်လုပ်နိုင်ရန် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးတိုးတက်မှုကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုပြီး ပြည်နယ်၏အဓိက အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်လာအောင် ဖိဖိစီးစီးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံကြရန်လိုပြီး မြို့နယ်အလိုက် သီးထပ်စွမ်းအားပြိုင်ပွဲ၊ သီးနှံစိုက်ပြိုင်ပွဲများကျင်းပ၍ ထူးချွန်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပို့ကုန်တိုးမြင့်တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးတိုးတက်မှုကြီးကြပ်ရေးလုပ်ငန်းကော်မတီဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ယခင်အပတ်(၄/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ပန်းတိုင်အထွက်နှုန်းထွက်ရှိမှသာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လယ်ယာမြေများပလှပ်ထားမှုမရှိစေရေး၊ ခွင့်ပြုချက်မရှိဘဲအခြားနည်းသုံးစွဲမှုမရှိစေရေး၊ စံပြစိုက်ခင်းများထူထောင်နိုင်ရေးရှင်းလင်း တင်ပြကာ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လယ်ယာမြေဥပဒေအား တောင်သူများသိရှိစေရေးအသိပညာပေးဆောင်ရွက်ထားရှိမှု၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အဓိကသီးနှံ(၁၀)မျိုးစိုက်ပျိုးပြီးစီးမှု၊ မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရန်လျာထားမှု၊ ရေကြီးရေလျှံမှုကြောင့်သီးနှံများထိခိုက်ပျက်စီးမှု၊ ပြန်လည်စိုက်ပျိုးမှု၊ နွေစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်၊ မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ နည်းပညာပေးစံပြကွက်များ မြို့နယ်အလိုက်ဆောင်ရွက်ထားရှိမှု၊ ဆောင်းနေကြာစိုက်ပျိုးရန်မျိုးစေ့စုဆောင်းထားရှိမှု၊ ကုန်ထုတ်လမ်း၊ လယ်ယာသုံးစက်ကိရိယာနှင့် စက်သုံးဆီလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးထားမှုတို့ကို ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ဆန်စပါး၊ အသား၊ ငါး၊ နို့၊ ဥအမျိုးမျိုး၊ စားသုံးဆီနှင့် ဒေသဝမ်းစာဖူလုံမှုရာခိုင်နှုန်း၊ စံပြစိုက်ခင်း၊ စံပြမွေးမြူရေးခြံများ ထူထောင်ဆောင်ရွက်မည့် အစီအစဉ်၊ မွေးမြူရေးဇုန်အလိုက်မွေးမြူထားရှိမှု၊ အဓိကသီးနှံ(၁၀)မျိုးစိုက်ပျိုးရန်လျာထားမှုနှင့်စိုက်ပျိုးပြီးစီးမှုတို့ကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။


ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)