ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


နေပြည်တော်၊ အောက်တိုဘာ ၉

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အုန်းပင်-တောင်ပို့သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ လယ်ငယ် ချောင်းကူးဘေလီတံတား ရေတိုက်စားမျောပါပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် တောင်ပို့သာကျေးရွာနှင့် သကြားဟင်းအိုး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ညောင်ကိုင်းချောင်းကူး သံကူကွန်ကရစ်တံတား ချဉ်းကပ်လမ်းများ ရေတိုက်စားပျက်စီးမှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ညောင်ကိုင်းကျေးရွာသို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာချင်းဆက် လမ်းတံတားများ၊ ကျေးရွာကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးမည့်အခြေအနေ၊ သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးလိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည့်အခြေအနေနှင့် သဘာဝဘေးကြောင့် ထိခိုက်ခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အမြန်ဆုံးပြန်လည်ထူထောင်ပေးသွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားကာ ရေဘေးသင့်ပြည်သူများအတွက် ဆန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)