ကျောက်ဆည်မြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲများကျင်းပ



ကျောက်ဆည် ၊ အောက်တိုဘာ ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီက ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာ စကားဝေါဟာရကြွယ်ဝရေးနှင့် စကားပြောကြားရာတွင်ကျွမ်းကျင်မှု စွမ်းရည်များ မြင့်မားရေး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များမြှင့်တင်ရန်၊ ပြဿနာများ ဖြေရှင်းခြင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်အတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဘာသာရပ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရာ၌ အင်္ဂလိပ်စာဘာသာရပ်တွင် Grade-5 မှ ကျောင်းသား၊ ကျောင်းသူ (၅၉)ဦး၊ Grade-6 မှ ကျောင်းသား၊ကျောင်းသူ(၄၀)ဦး၊ Grade-7 မှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ Grade-8 မှ ကျောင်းသား၊ကျောင်းသူ(၃၂)ဦး၊  Grade-9 မှ ကျောင်းသား၊ ကျောင်းသူ(၃၉)ဦး၊ သင်္ချာ ဘာသာရပ်တွင်Grade-5 မှ ကျောင်းသား/ကျောင်းသူ( (၆၃)ဦး၊  Grade-6 မှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ Grade-7 မှ ကျောင်းသား၊ ကျောင်းသူ(၃၉)ဦး၊   Grade-8 မှ ကျောင်းသား၊ ကျောင်းသူ(၃၁)ဦး၊ Grade-9 မှ ကျောင်းသား/ကျောင်းသူ(၃၉)ဦး ဖြေဆိုခဲ့ကြောင်းနှင့် အတန်းစဉ် ဘာသာရပ်များအလိုက် ထူးချွန်သူများ ရွေးချယ်သွားပြီး ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၁၃၀)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၅) ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၇)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သက်မောင်၊ကျောက်ဆည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)