ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂ဝ၂၄) သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂ဝ၂၄) သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်




မော်လမြိုင်၊ အောက်တိုဘာ ၁၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သို့ တက်ရောက်မည့် သင်တန်းသား ၁၀၁ ဦးအား ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆/၂ဝ၂၄) သို့ တက်ရောက်မည့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂ဝ၂၄) သို့ တက်ရောက်မည့် သင်တန်းသားများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သို့ တက်ရောက်မည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)