မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ရာခိုင်နှုန်းပြည့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ရာခိုင်နှုန်းပြည့် ပြီးစီး



မန္တလေး၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊​ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက ရပ်ကွက်များသို့ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ကွင်းဆင်းကောက်ယူခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကောက်ယူမှု ရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်‌ကျော်က မြို့နယ်အတွင်း ရပ်ကွက် (၁၈)ရပ်ကွက်ရှိ ကောက်ကွက်ပေါင်း (၃၇၇)ကွက်၌ စာရင်းစစ် (၃၃) ဦး၊ စာရင်းကောက် (၁၂၃) ဦးက အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်း နေထိုင်သူများ၏ လူဦးရေဆိုင်ရာ အချက်အလက်များအား ပြည်သူများထံအရောက်သွားပြီး ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews - CAPI) နည်းပညာဖြင့် မေးခွန်း (၆၈) ခုပါဝင်သော အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း (၁၈)ခုပါဝင်သော အဖွဲ့အစည်းမေးခွန်းပုံစံများကို Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျကောက်ယူခဲ့ရာ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကောက်ကွက် (၃၇၇) ကွက်ကို ကောက်ယူပြီးစီးခဲ့ခြင်းကြောင့် ရာခိုင်နှုန်းပြည့် ကောက်ယူပြီးစီးခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ကာလအတွင်း ကောက်ယူပြီးစီးနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)