မှော်ဘီ ၊ အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ် တွင် မြို့နယ်လုံးဆိုင်ရာ ဇဗ္ဗူအေးမြို့ဦးစေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ဆက်လက်တည်ဆောက် ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့်၁ နာရီက မြို့နယ်သာသနာ့ဗိမာန် တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကိုးလုံးကွင်းပတ္တိယတ္တိစာသင်တိုက်ဆရာတော်ထံ မှ ငါးပါးသီလဆောက်တည်၍ ဆရာတော်၊သံဃာ တော်များမှ ချီးမြှင့်သော ပရိတ်တရားတော်များ နာကြားပြီးဆရာတော်များအားလှူဖွယ်ဝတ္ထုများ ဆပ်ကပ် ခဲ့သည်။
ဆက်လက်၍ ဆရာတော်၊သံဃာတော်များမှ အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများအား မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးအောင်ကြည်၊အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့် စုံကျော်၊အဖွဲ့ဝင်(၂)ဦးဝင်းစိုးနှင့်အလှူရှင်များအား အသီးသီးပေးအပ်ချီးမြှင့်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဝင်းစိုးမှကျေးဇူးတင်စကားပြောကြားခဲ့ပြီးဆရာတော်များထံမှအနုမောဒနာနှင့်ရေစက် သွန်းချ တရားနာယူခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment