ရန်ကုန်၊ အောက်တိုဘာ ၁၃
လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းဝိုင်း အနီးတွင် ယနေ့ နံနက်ပိုင်း က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးရွှေမန်းနှင့်အဖွဲ့ က သိမ်တော်ကြီးအတွင်း သန့်ရှင်းရေးကုသိုလ် ဆောင်ရွက်ရန် ရောက်ရှိလာစဉ် အကြမ်းဖက်သမားများက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ၁၁ ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းဝိုင်း၊ မုခ်ဦးလမ်းဘေး သာသနာဝုဎိသိမ်တော်ကြီးဝန်းအတွင်းတွင် ဦးရွှေမန်းမှ ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင်ထက်၊ ဦးသွင်ထူးအောင် တို့နှင့်အတူ သိမ်တော်ကြီးအတွင်းသန့်ရှင်းရေးကုသိုလ်ပြုလုပ်ရန်အတွက် ရောက်ရှိလာခဲ့ပြီး သိမ်တော်ကြီးရှေ့တည့်တည့်လမ်းဘေးတွင် ကားအားရပ်ပြီး သိမ်တော်ကြီးအတွင်းသို့ဝင်ရန် ဉီးရွှေမန်းမှ ကားပေါ်မှဆင်းလိုက်သည့်အချိန်တွင် အသက် ၂၅ နှစ်ခန့် Mask အမဲ ရောင်တပ်ဆင်ထားသော အမျိုးသားတစ်ဦးးမှ ပစ္စတိုဖြင့် ယာဉ်၏ခေါင်းပိုင်းအတွင်းသို့ လမ်းလျှောက်လာပြီး ၈ ချက်ခန့်ပစ်ခတ်ခဲ့ရာတွင် ဦးးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူ သန့်ဇင်ထက်တွင် ဝဲရင်အုံ ၁ ချက် ဝဲလက်မောင်း ၁ ချက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဦးရွှေမန်းမှာ ထိခိုက်မှုမရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသူအား လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး တရားခံဖမ်းဆီးရေးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment