နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး

 




ထန်ပါခွေ  ၊   အောက်တိုဘာ ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်များအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်(၆)ဆိုင်အား ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ရက်လွန်စားသောက်ကုန်များအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။


ထို့နောက် သိမ်းဆည်းရမိသည့် ရက်လွန်စားသောက်ကုန်များအား မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


ထန်ပါခွေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)