ကျိုင်းတုံ ၊ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၈)ရက်နံနက်(၈)နာရီက မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုးဒဏ်ကြောင့် ပျက်စီးသွားမှုနှင့် ပြည်လည်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် လမ်းပြန်လည်ပြုပြင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးဒဏ်ကြောင့် တောင်ပြိုမြေပြိုကျမှု (၅)နေရာတွင် ပလတ်စတစ်အုပ်ခြင်း၊ သဲအိတ်ကာရံခြင်း၊ မျောတုတ်ကာရံ၍ မြေဖို့ခြင်း၊ ရေကာတန်းရိုက်ခြင်းများ ဆောင်ရွက်ထားပြီးကြောင်း သိရသည်။
ထို့မှတစ်ဆင့် ကျိုင်းတုံမြို့စည်ပင်သာယာရေးဌာနမှ မြို့တွင်းရေပေးဝေရေးလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံစည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးမှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်း ပိုက်လိုင်းများ (၁၀)နေရာတွင် (၆)နေရာ ပြင်ဆင်ပြီး (၄)နေရာကျန်ရှိနေသေးသဖြင့် ဆောင်ရွက်မှုပြီးစီးပါက အောက်တိုဘာ (၁၀)ရက်နေ့တွင် ရေများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က ရေပိုင်းလိုင်း (၂)ခုရှိသည့်အနက် ပထမလိုင်းကောင်းအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် လိုအပ်ပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေပိုင်းလိုင်းပျက်စီးသွားသည့် နေရာ၊ ပြန်လည်ပြုပြင်နေမှုနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ကျိုင်းတုံမြို့ (၈)မိုင် ရေပေးဝေရေးစခန်း၌ ရေစစ်ကန်၊ ရေပိုင်းလိုင်းပြုပြင်နေမှု၊ အသုံးပြုမည့် သံရေပိုက်လုံးများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ လမ်းဦးစီးဌာနရိပ်သာသို့ ရောက်ရှိလာရာ လမ်းအထူးအဖွဲ့ (၃)လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တာကော်-မိုင်းပျဥ်း-ကျိုင်းတုံ)ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တာကော်-မိုင်းပျဥ်းလမ်း အပိုင်းယာဥ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များ၊ မိုးရာသီကာကလအတွင်း ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တာကော်-မိုင်းပျဥ်းအပိုင်း)မိုင် ၂၈၂/၂.၅-၃၂၈/၃=၄၆/၀.၅မိုင်) မိုးရာသီကာလအတွင်း ချောင်းကျောက်ဖြင့် လမ်းပုခုံးပြုပြင်ဆောင်ရွက်ထားရှိမှုများနှင့် တာကော်-မိုင်းပျဥ်းလမ်းပိုင်းရှိ လမ်းချဲ့ရန် ကျောက်ဆောင်နံရံများ မလွတ်သည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် အရှေ့ပိုင်းသို့ ဆက်သွယ်ထားသော သံလွင်မြစ်ကူးတံတား(တာကော်) တံတားအသစ် (၉၆.၃၅)ရာခိုင်နှုန်းပြီးနေမှုကို တံတားအထူးအဖွဲ့တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံလွင်မြစ်ကူးတံတား(တာကော်)တံတားသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
https://t.me/MyanmarNationalPost
No comments:
Post a Comment