တူကီးယဲတွင် အကြမ်းဖက်သမား နှစ်ဦး အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တူကီးယဲတွင် အကြမ်းဖက်သမား နှစ်ဦး အသေဖမ်းဆီးရမိ


အန်ကာရာအနီးရှိ ကာကွယ်ရေးကုမ္ပဏီတစ်ခုကို ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားနှစ်ဦးအား ရှင်းလင်း လိုက်ပြီဖြစ်ပြီး တတိယမြောက် သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေနေကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ပြောကြားခဲ့သည်။

အန်ကာရာမြို့ ဆင်ခြေဖုံးရှိ တူရကီအာကာသစက်မှုလုပ်ငန်း (TUSAS) ဌာနချုပ်ကို အကြမ်းဖက်သမား သုံးဦးက ဝင်ရောက်စီးနင်းခဲ့ရာ လူလေးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း တူကီးယဲ သမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်က ပြောကြားခဲ့သည်။

အစိုးရသည် အခင်းဖြစ်ပွားရာနေရာမှ သတင်းပေးပို့ခြင်းကို ပိတ်ပင်ထားသော်လည်း ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော အတည်မပြုနိုင်သော ဗီဒီယိုများတွင် တိုက်ခိုက်မှုစတင်ပြီး တစ်နာရီမပြည့်မီတွင် TUSAS အဆောက်အအုံကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းနေသည်ကို ပြသခဲ့သည်။

တိုက်ခိုက်သူများထဲမှ တစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း Yerlikaya က သတင်းထောက်များအား ပြောကြားခဲ့ပြီး သူမနှင့် ကြံရာပါ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ အတည်မပြုနိုင်သော သတင်းများအရ တတိယမြောက် တိုက်ခိုက်သူသည် မိမိကိုယ်ကို ဖောက်ခွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆရပြီး အတည်မပြုနိုင်သေးပေ။

“သူတို့ရဲ့ အထောက်အထားတွေကို အတည်ပြုနိုင်တာနဲ့ ဘယ်အကြမ်းဖက်အဖွဲ့အစည်းလဲဆိုတာကို မျှဝေပေးသွားမှာပါ” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

တူကီးယဲ တွင် အကြမ်းဖက်တိုက်ခိုက်မှုများသည် မကြာခဏဆိုသလိုဖြစ်ပြီး ကာဒစ်စတန်အလုပ်သမားပါတီ (PKK) မှ ကာ့ဒ်စစ်သွေးကြွအဖွဲ့ က တူရကီနိုင်ငံနှင့် ပြင်းထန်သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည်။

တိုက်ခိုက်သူများသည် ဓားစာခံများ ခေါ်ဆောင်သွားခြင်း ရှိ/မရှိကိုလည်း မရှင်းလင်းပေ။ TUSAS ဝန်ထမ်းအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တူရကီမီဒီယာများက ဖော်ပြကြပြီး ဆိုရှယ်မီဒီယာတွင် အတည်မပြုနိုင်သော ဓာတ်ပုံတစ်ပုံတွင် လူတစ်ဒါဇင်ခန့်ကို စက်ရုံအတွင်း ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း သမ္မတ အာဒိုဂန် နှင့် ပြည်ထဲရေးဝန်ကြီး Yerlikaya နှစ်ဦးစလုံးက ယင်းအချက်ကို အတည်ပြုခဲ့ခြင်း မရှိပေ။

Ref - Tass

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)