မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းဆိုင်ရာစစ် ဆေး ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းဆိုင်ရာစစ် ဆေး ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်






 မှော်ဘီ၊​အောက်တိုဘာ၊၂၃



ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများကိုအပတ်စဉ်ဆောင်ရွက်လျှက်ရှိ ရာယနေ့နံနက်(၈)နာရီမှ(၉)နာရီထိမှော်ဘီမြို့နယ်မြို့ချောင်းတိုးဂိတ်အနီးတွင်ယာဉ်ထိန်းဒုရဲအုပ်ဆန်း လင်းဦးဦးစီးတပ်ဖွဲ့ဝင်(၃)ဦးတို့မှဆိုင်ကယ်စီးနင်းသူ(၂၅)ဉီးတို့အားယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးခြင်းတို့အားဆောင်ရွက်ခဲ့​သည်။



ဆက်လက်၍ယာဉ်ထိန်းဒုရဲအုပ်ဆန်းလင်းဦးမှဆိုင်ကယ်စီးရာတွင်ဦးထုပ်ဆောင်းရန်နှင့်ဆိုင်ကယ်စီး နင်းရာတွင်လဲနှစ်ဦးထက်ပို၍မစီးရန်၊ဆိုင်ကယ် မောင်းသူနှင့်စီးနင်းသူနှစ်ဦးစလုံးဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ဆိုင်ကယ်မောင်းနေစဉ်လက်ကိုင်ဖုန်း များမပြောရန်၊မိုးရွာသွန်းမှုများသဖြင့်ဖြည်းညင်းစွာမောင်းနှင်ကြရန်၊မြို့တွင်း၊မြို့ပြင်အရှိန်ပြင်းမ မောင်းရန်၊အရက်သေစာသောက်စားခြင်းမပြုရန်၊ မိုးရွာနေစဉ်အတွင်း၌အရှိန်ပြင်းစွာမမောင်းကျရန် မှာကြားဆောင် ရွက်ခဲ့သည်။


ထိုနောက်ယာဉ်ထိန်းဒုရဲအုပ်ဆန်းလင်းဦးဦးစီး(၃)ဦးတို့မှယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာ ပေးပြောကြားခဲ့ပြီးယာဉ်/လမ်းစည်းကမ်းအသိပ ညာပေးလက်ကမ်းစာစောင်များအားဆိုင်ကယ်စီး နင်းသူများကိုဖြန့်ဝေခဲ့ကြောင်းသိရသည်။



ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)