စစ်မာန်ဝင့်ချီ ဗိဿနိုး ဧကရီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်မာန်ဝင့်ချီ ဗိဿနိုး ဧကရီ







ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ Miss Grand International 2024 မှာ မြန်မာပြည်ကိုယ်စားပြု အလှမယ် သဲစုညိမ်း က ယနေ့ (၂၀-၁၀-၂၀၂၄)ရက်နေ့ ည National Costume Competition မှာတော့ “စစ်မာန်ဝင့်ချီ ဗိဿနိုးဧကရီ” " Warrior Spirit of Beikthano : Empress Panhtwar " ဝတ်စုံနဲ့ လှပခန့်ငြားအောင် တင်ဆက်သွားခဲ့ပါတယ်။

Miss Grand Myanmar ရဲ့ ရေးသားဖော်ပြမှုမှာတော့ "ခမ်းနားတဲ့ မြန်မာတို့ရဲ့ ရှေးဂုဏ်ရည် တစ်ခုဖြစ်တဲ့ 

ဗိဿနိုးခေတ်ရဲ့စစ်ဘုရင်မ … အလှထွဋ်ခေါင်ဒေဝီ ဧကရီမတစ်ပါး … အနေနဲ့ ပန်ထွာဘုရင်မရဲ့ စစ်ဝိဉာဏ်နဲ့အတူ၊ ရာဇဝင်အထက်က စာတင်ဖွဲ့မကုန်တဲ့ အလှတရားတို့ ပြန်လည်နိုးထသက်ဝင်ခဲ့ပါပြီ။ 

နှစ်ထောင်စုတွေကြာခဲ့စဉ်က မြို့ပြစည်ပင်မှု၊ ယဉ်ကျေးမှုအမွေဟန်တို့ သန္ဓတည်ရာပျူခေတ်ရဲ့ ရှေးဟောင်းအမွေအလှနဲ့ မြတ်နိုးထိုက်ရာသမိုင်းတို့ဟာဖြင့် ဧကရီပန်ထွာ (ဗိဿနိုး သခင်မ)ရဲ့ ရဲရင့်သောစစ်ဝိညာဉ် နှင့်အတူ ရာဇဝင်ထဲက အလှတရားတို့က ရှေ့မှောက်မှာ ထွန်းလင်းလို့လာခဲ့လေပြီ။

ရန်သူတွေရဲ့ထိုးစစ်ကိုကြံကြံခံနိုင်စွမ်း၊ မှော်ဆန်တဲ့ သူမရဲ့စွမ်းရည်တွေ ကဗျာဖွဲ့မကုန်ပေ။ အတုလစည်တော်ကြီးနဲ့ စည်တော်ကိုတီးလို့ လောကဓာတ်ရေအဟုန်ကိုပင် ထိန်းချုပ်စေစားနိုင်တဲ့ အရှင်သခင်မ၊ ရာဇဝင်မှာချန်ခဲ့မရတဲ့ အလှဘုရင်မ၊ လေအဟုန်နဲ့ထိုးသုတ်တဲ့ လင်းယုန်တောင်သူမရဲ့လေးအစွမ်းနဲ့ မြှားထိပ်ကမလွတ်စေတဲ့စစ်ဘုရင်မတစ်ပါး အစရှိတဲ့ ထူးမြတ်တဲ့မိန်းမသား၊ သူဟာ ဗိဿနိုးရဲ့ဧကရီ ပန်ထွာဘုရင်မ တနည်းဆိုရင်ဖြင့် မြန်မာ့ရာဇဝင်ထဲက မြတ်ရတနာတပါးပေါ့။ 

မြန်မာတို့ရဲ့ အိပ်ယာဝင်ပုံပြင်ထက်သူမ မပါမှာပြည့်စုံသရောင်၊ နတ်တို့စီဖွဲ့တဲ့အလှ၊ မိန်းမတို့ရဲ့ရဲသွေးမာန် တို့ကိုပိုင်ဆိုင်ထားတဲ့ သူမတူတဲ့ ပန်ထွာဧကရီ ကို Miss Grand Myanmar သဲစုငြိမ်းက ရာဇဝင်ထဲ အမြဲနိုးထရှင်သန်နေတဲ့ အလှတရားကို ပုံဖေါ်လို့ ချစ်ရတဲ့ ရွှေပရိတ်သတ်များရဲ့ရှေ့တော်မှောက် စစ်မာန်ဝင့်ချီလို့ အရောက်ဆက်သလိုက်ပါပြီ။" လို့ တင်စား ရေးဖွဲ့ ထားပါတယ်။

ဒီဝတ်စုံကို ဖန်တီးတဲ့ ဒီဇိုင်နာများအဖွဲ့ကတော့ TK Team က ဖန်တီးတားခြင်းဖြစ်ပြီး 

Designer TK ( Team Leader )

Designer Than Htaik

Designer Van Bawi Lian

 Designer Yin Mon Aung 

Designer Laurel Phway

Designer Ei Ei Aung

Designer Khin Yadana Lin Lae တို့ ပူးပေါင်းဖန်တီးထားခြင်းဖြစ်ပါတယ်။

သဲစုညိမ်း ရဲ့ တင်ဆက်မှုကို ပရိတ်သတ်များကလည်း နှစ်ထောင်းအားရ အားပေးခဲ့ကြတာကို တွေ့မြင်ရပါတယ်။


Photo Crd -

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)